မနီလာ၊ ဖိလစ်ပိုင် (၆ မတ် ၂၀၂၀) - လက်ရှိတွင် ဆက်လက်ဖြစ်ပွားလျက်ရှိနေသေးသည့် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါပြန့်နှံ့မှုကြောင့် အာရှတိုက်အတွင်းရှိဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပြည်တွင်း ဝယ် လိုအား သိသာစွာကျဆင်းခြင်း၊ ခရီးသွားလုပ်ငန်းကဏ္ဍတွင် အလည်အပတ်ဖြင့်ဖြစ်စေ၊ အလုပ်ဖြင့်ဖြစ်စေ သွားလာကြသူအရေအတွက် ကျဆင်းလာခြင်း၊ ကုန်သွယ်ရေးနှင့် ကုန်ထုတ်လုပ်မှုအချိတ်အဆက်များ၊ ထောက်ပံ့ ကုန်ပို့မှုများ အနှောက်အယှက်ဖြစ်ရခြင်းနှင့် ကျန်းမာရေးဆိုင်ရာ သက်ရောက်မှု စသည့် ကဏ္ဍအစုံတွင် ထိခိုက်မှုများရှိလာနိုင်ကြောင်း အာရှဖွံ့ရေးဘဏ် (ADB) ၏ ခွဲခြမ်းစိတ်ဖြာသုံးသပ်မှုသစ် တစ်ခုအရ သိရှိရသည်။
စီးပွားရေးအရ ထိခိုက်ဆုံးရှုံးနိုင်သည့် ပမာဏများမှာမူ ရောဂါပြန့်နှံ့ဖြစ်ပွားမှုက ပြောင်းလဲဖြစ်ပေါ် နိုင်သည်ဟူသည့်အချက်အပေါ်တွင် မှီတည်နေပြီး ယင်းအခြေအနေကိုလည်း တိတိကျကျ မသိရှိရသေးဘဲ ဖြစ်နေသည်။ အထက်ပါ ADB ၏ ခွဲခြမ်းစိတ်ဖြာသုံးသက်မှုအရမှာ ကမ္ဘာတစ်ဝန်းတွင် ဒေါ်လာ ၇၇ ဘီလျံမှ ၃၄၇ ဘီလျံအထိ သို့မဟုတ် ကမ္ဘာ့ အသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး (GDP) ၏ ၀ ဒသမ ၁ ရာခိုင်နှုန်းမှ ၀ ဒသမ ၄ ရာခိုင်နှုန်းအထိ ထိခိုက်နိုင်သည်ဟု ခန့်မှန်းထားသည်။
ရောဂါစတင်ဖြစ်ပွားပြီးနောက် ကြိုတင်သတိပြုကာကွယ်မှုများ လုပ်ဆောင်ခြင်းနှင့် ကန့်သတ်မှုများ၊ ခရီသွားလာခြင်း ကန့်သတ်မှုများအား ဇန်နဝါရီလနှောင်းပိုင်းတွင် စတင်လုပ်ဆောင်ပြီး သုံးလအကြာမှာမှ ပြန်လည် ဖြေလျှော့မှုများစတင်လုပ်ဆောင်ပေးခြင်းတို့ကြောင့် ကမ္ဘာတစ်ဝန်းဆုံးရှုံးမှု တန်ဖိုးမှာ ဒေါ်လာ ၁၅၆ ဘီလျံ သို့မဟုတ် ကမ္ဘာ့ GDP ၏ ၀ ဒသမ ၂ ရာခိုင်နှုန်းအထိ ရောက်ရှိနိုင်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနေဖြင့်မူ ဆုံးရှုံးမှုတန်ဖိုးက ဒေါ်လာ ၁၀၃ ဘီလျံ သို့မဟုတ် တိုင်းပြည် GDP ၏ ၀ ဒသမ ၈ ရာခိုင်နှုန်းအထိ ရှိနိုင်သည်။ အခြား အာရှ၏ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်မူ စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုးက ၂၂ ဘီလျံ သို့မဟုတ် ကမ္ဘာ့ GDP ပမာဏ၏ ၀ ဒသမ ၂ ရာခိုင်နှုန်းရှိနိုင်ကြောင်း ခန့်မှန်းထားသည်။
“ကိုရိုနာဗိုင်းရပ်စ် COVID-19 နဲ့ပတ်သက်လို့ကတော့ စီးပွားရေးအပေါ်သက်ရောက်နိုင်မှု အခြေအနေတွေ အပါအဝင် အခြား သေချာခန့်မှန်းလို့မရတဲ့ မရေမရာအခြေအနေတွေ အများကြီးရှိပါတယ်” ဟု ADB ၏ စီးပွားရေးပညာရှင်ချုပ် Yasuyuki Sawada က ဆိုသည်။ “ဖြစ်နိုင်ချေရှိတဲ့ ဆုံးရှုံးမှုတန်ဖိုးတွေကို တွက်ချက်တဲ့နေရာမှာ အမျိုးမျိုးသော ဖြစ်ရပ်အခြေအနေတွေကို ထည့်သွင်းတွက်ချက်ဖို့လိုပါတယ်။ လက်ရှိပြုလုပ်ထားတဲ့ ခွဲခြမ်းစိတ်ဖြာ သုံးသပ်ချက်အနေနဲ့တော့ အစိုးရတွေကို ဒီရောဂါပြန့်နှံ့ဖြစ်ပွားခြင်းကြောင့် စီးပွားရေးနဲ့ လူထုအပေါ် သက်ရောက်နိုင်မှုအခြေအနေတွေကို ရှင်းလင်းပြီး တိတိကျကျဆုံးဖြတ်ထားတဲ့ တုံ့ပြန်ချက်တွေနဲ့ တုံ့ပြန်ဆောင်ရွက်နိုင်ဖို့ အထောက်အကူပြုပေးနိုင်မှာပါ” ဟု သူက ဆိုသည်။
ကမ္ဘာတစ်ဝန်းနှင့် ဒေသအလိုက် COVID-19 ၏ သက်ရောက်မှုဒဏ်ကို
မတူညီသည့် ဖြစ်ရပ်အခြေအနေအလိုက် ခန့်မှန်းတွက်ချက် တင်ပြထားသည့် ဇယား
အကောင်းဆုံးအခြေအနေ |
အလယ်အလတ် အခြေအနေ |
ပိုမိုဆိုးရွားသော အခြေအနေ |
||||
ဂျီဒီပီ၏ ရာခိုင်နှုန်း |
ဆုံးရှုံးနိုင်မှုတန်ဖိုး |
ဂျီဒီပီ၏ ရာခိုင်နှုန်း |
ဆုံးရှုံးနိုင်မှုတန်ဖိုး |
ဂျီဒီပီ၏ ရာခိုင်နှုန်း |
ဆုံးရှုံးနိုင်မှုတန်ဖိုး |
|
ကမ္ဘာတစ်ဝန်းလုံး |
–0.1 |
$77 |
–0. 2 |
$156 |
–0.4 |
$347 |
တရုတ် |
–0.3 |
$44 |
–0.8 |
$103 |
–1.7 |
$237 |
တရုတ်မှအပ ကျန်အာရှရှိ ဖွံ့ဖြိုးဆဲနိုင်ငံများ |
–0.2 |
$16 |
–0.2 |
$22 |
–0.5 |
$42 |
ကျန်ရှိနေသည့် ကမ္ဘာတစ်ဝန်း |
0.0 |
$17 |
0.0 |
$31 |
0.0 |
$68 |
အရင်းမြစ် - ADB ၏ ဝန်ထမ်းပညာရှင်မှ ခန့်မှန်းထားသည်။ |
The Economic Impact of the COVID-19 Outbreak on Developing Asia ဟု အမည်ပေးထားသည့် ခွဲခြာစိတ်ဖြာသုံးသပ်မှုစာတမ်းသစ်တွင် ဖြစ်ရပ်အခြေအနေအလိုက် အချက်အလက် အပြည့်အစုံကို ထည့်သွင်း ဖော်ပြပေးထားသည်။ ယင်းတွင် အာရှရှိဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုချင်းစီအလိုက် စီးပွားရေးအရ သက်ရောက်နိုင်မှု အခြေ အနေများအား ထည့်သွင်းဖော်ပြပေးထားပြီး စီးပွားရေးကဏ္ဍ အပိုင်းအလိုက်ပါ ဖော်ပြပေးထားသည်။ ဖြစ်ရပ်အခြေအနေတချို့တွင် အဆိုးရွားဆုံးဖြစ်ပွားနိုင်သည့် အခြေအနေများကိုပါ သုံးသပ်ပေးထားသည်။ သို့ရာတွင် အဆိုပါ သုံးသပ်ချက်များအား တင်ကြို ထုတ်ထားသည့် ဟောကိန်းများသဖွယ်မမှတ်ယူဘဲ အဆိုးဆုံး အခြေအနေများအတွက် သက်ဆိုင်ရာ နိုင်ငံအလိုက် အစိုးရများ ကောင်းစွာ ပြင်ဆင်တုံ့ပြန်ဖြေရှင်းနိုင်ရန် လမ်းညွှန်ချက်အဖြစ်သာ ရှုမြင်စေလိုပါသည်။
အခြေအနေဖြစ်ရပ်အားလုံးနှင့် အကဲဖြတ်ချက်များအားလုံးကို ADB ၏ ဝက်ဘ်ဆိုက် ADB’s website တွင် ရယူနိုင်ပြီး ပြောင်းလဲမှုအခြေအနေအလိုက် အသစ်များ ပြင်ဆင်ဖြည့်စွက်ပေးသွားမည် ဖြစ်သည်။
ADB အနေဖြင့် COVID-19 အား တုံ့ပြန်မှုအဖြစ် ယနေ့အချိန်အထိ ကူညီထောက်ပံ့ ပေးထားသည့် တန်ဖိုးမှာ ဖေဖော်ဝါရီ ၇ ရက်က ကြေညာသည့် တရုတ်ပြည်နှင့် မဟာမဲခေါင်ဒေသေတွင် ကျန်းမာရေး စစ်ဆေးခြင်း၊ ကာကွယ်ခြင်းနှင့် အခြားတုံ့ပြန်မှုများအတွက် သုံးစွဲရန် ဒေါ်လာ ၂ သန်းအပါအဝင်၊ ဖေဖော်ဝါရီ ၂၆ ရက်တွင် ကြေညာလိုက်သည့် အခြားယင်း၏ ဖွံ့ဖြိုးဆဲအဖွဲ့ဝင်များအတွက် အထောက်အကူပြုန်ငွေ ပမာဏ နောက်ထပ် ဒေါ်လာ ၂ သန်းရှိခဲ့ပြီး ဖြစ်သည်။ ဖေဖော်ဝါရီ ၂၅ ရက်ကလည်း မရှိမဖြစ်ဆေးဝါးများ ထောက်ပံ့ပေးနိုင်ရေးနှင့် အကာအကွယ်ပစ္စည်းများတွင် အသုံးပြုရန် ဒေါ်လာ ၁၈ ဒသမ ၆ ဘီလျံ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဝူဟန်တွင် အခြေစိုက်သည့် Jointown Pharmaceutical Group Co. Ltd အား ထောက်ပံ့ကူညီပေးခဲ့ပါသည်။
ADB အနေဖြင့် နောက်ထပ်လည်း ယင်း၏ ဖွံ့ဖြိုးဆဲနိုင်ငံများအား ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဒဏ်အား တုံ့ပြန်နိုင်ရေးအတွက် ပိုမိုထောက်ပံ့ကူညီမှုများ လုပ်ဆောင်ပေးသွားရန် အသင့်အနေအထားတွင် ရှိသည်။ ADB အနေဖြင့် အမျိုးအမည်ဖော်ထုတ်တင်ပြလာသည့် လိုအပ်သည့်အခြေအနေများ ကိုင်တွယ် ဖြေရှင်းရန်အတွက်လည်း ရှိထားပြီးဖြစ်စေ၊ အသစ်ဖြစ်စေ ငွေရေးကြေးရေးကူညီမှုများ၊ အရေးပေါ် ကူညီထောက်ပံ့ငွေများ၊ မူဝါဒပေါ် အခြေတည်သည့် ချေးငွေများ၊ ပုဂ္ဂလိကကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှု၊ အသိပညာဗဟုသုတပိုင်းနှင့် နည်းပညာ အထောက်အကူပြုခြင်းများအား လုပ်ဆောင်ပေးလျက်ရှိပါသည်။
ADB သည် အာရှနှင့် ပစိတ်ဖိတ်ဒေသအတွင်း ဖြစ်ထွန်းစည်ပင်၍ အားလုံးပါဝင်အကျိုးခံစားခွင့်ရှိကာ စိန်ခေါ်မှုများအားလည်း ခံနိုင်ရည်စွမ်းရှိသကဲ့သို့ ရေရှည်ဖြစ်တည်တိုးတက်မှုများ ပေါ်ပေါက်လာစေရန် ကတိပြု ကြိုးပမ်းလျက်ရှိကာ ယင်း၏မူလကြိုးပမ်းအားထုတ်ချက်များဖြစ်သော ဆင်းရဲမွဲတေမှု အမြစ်ပြတ် ပပျောက်ရေးကိုလည်း ဆက်လက် ဦးတည်ဆောင်ရွက်လျက်ရှိပါသည်။ ADB ကို ၁၉၆၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အဖွဲ့ဝင် ၆၈ ဦးရှိကာ ၄၉ ဦးမှာ ဒေသတွင်းမှဖြစ်ကြပါသည်။